အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

လျှပ်စစ်နှင့်စွမ်းအင်၀န်ကြီးဌာန

မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း

မန္တလေးတိုင်းဒေသကြီး၊မန္တလေးမြို့

(အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း)

၁။           ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ၊မြို့နယ် အသီးသီး တွင် ဆောင်ရွက်ရန်အတွက် အောက်ဖော်ပြပါ လုပ်ငန်းများအားတင်ဒါ ခေါ်ယူ လိုပါသည်-

စဉ်

တင်ဒါအမှတ်

လုပ်ငန်းအမည်

(က)

1-14(T)/MESC/ 2019-2020

၃၃ကေဗွီ ဘဲလင်း/စဉ့်ကိုင်/ပလိပ်/တံတားဦး ဓာတ်အားလိုင်းမှ ၃၃ကေဗွီ ဘဲလင်း/ပလိပ်ဖီဒါ ခွဲထုတ်နိုင်ရေးအတွက် 33kV Switch Bay (၁)စုံတည်ဆောက်ရန်ပစ္စည်း(၇)မျိုးအား(1 Lot) ဈေးနှုန်း ဖြင့် ဝယ်ယူခြင်း

(ခ)

2-60 (T) / MESC/ 2019-2020

မတ္တရာမြို့နယ်သို့ လျှပ်စစ်ဓာတ်အား  တိုးတက်ဖြန့်ဖြူးပေးနိုင်ရန်  အတွက် ၃၃ကေဗွီ ဓာတ်အား လိုင်း (၉)မိုင်နှင့်မြောက်ပြင်ပင်မ ဓာတ်အားခွဲရုံတွင် ၃၃ကေဗွီ Switch Bay (၁)စုံ တိုးချဲ့ တပ်ဆင် ခြင်း(ပစ္စည်း+လုပ်အားခအပါအဝင်)လုပ်ငန်းတို့ကိုဆောင်ရွက်ရန်

(ဂ)

2-61(T)/MESC/

2019-2020

ပြည်ကြီးတံခွန်မြို့နယ် ၊ တံခွန်တိုင်ပင်မ ဓာတ်အားခွဲရုံမှ ချမ်းမြသာယာ (  ငွေတော် ကျီးကုန်း ) ခွဲရုံသို့  ၃၃ကေဗွီ SAC လိုင်း ( ၁ )မိုင်နှင့် ၁၁ကေဗွီ Double  Circuit Line  SAC(၀.၃၆၅) မိုင် တည်ဆောက်ခြင်း(ပစ္စည်း+လုပ်အားခအပါအဝင်)လုပ်ငန်းတို့ကိုဆောင်ရွက်ရန်

၂။            အိတ်ဖွင့်တင်ဒါပုံစံ နှင့်  စည်းကမ်းချက်များကို (  ၁၈.၁၂ .၂၀၁၉)  ရက်နေ့တွင် စတင်၍ ရောင်းချမည် ဖြစ်ပြီး(၁၇.၁.၂၀၂၀) ရက်(  ၁၄ :၀၀)  နာရီတွင် တင်ဒါပိတ်မည်ဖြစ်ပါသည်။တင်ဒါပုံစံ နှင့် အချက်အလက်များကို Web Portal (www.moee.gov.mm)၌ အသေးစိတ်ကြည့်ရှုနိုင်ပါသည်။ 

၃။           တင်ဒါစိစစ်ရွေးချယ်မည့်ရက်အား ထပ်မံအကြောင်းကြားပါမည်။ တင်ဒါပုံစံနှင့် အသေးစိတ် အချက် အလက် များကို ရုံးချိန်အတွင်း အောက်ပါလိပ်စာတွင် လာရောက် စုံစမ်းဝယ်ယူနိုင်ပါသည်။

 

 

 

                                                            တင်ဒါကော်မတီ

                                        မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(ရုံးချုပ်)

                                        ၂၇ လမ်း၊ ၇၇x၇၈ကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့

                                                           ဖုန်း -  ၀၂-၄၀၆၉၁၂၁